ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးမပေးရသည့်ပွဲ ၁၀၀ ပြည့်မြောက်သည့်  ပထမဆုံး တောင်အမေရိက ဂိုးသမားအဖြစ် အီဒါဆန်မှတ်တမ်းဝင်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးမပေးရသည့်ပွဲ ၁၀၀ ပြည့်မြောက်သည့်  ပထမဆုံး တောင်အမေရိက ဂိုးသမားအဖြစ် အီဒါဆန်မှတ်တမ်းဝင်

မန်စီးတီးအသင်းဂိုးသမား အီဒါဆန်သည် ပရီး မီးယားလိဂ်ပွဲစဉ်အဖြစ်  မန်စီးတီးအသင်းနှင့်  နယူး ကာဆယ်အသင်းတို့ကစားသည့်ပွဲစဉ်တွင် ဂိုးမပေးရ အောင်စွမ်းဆောင်နိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးမပေးရသည့်ပွဲ (Clean Sheet) ၁၀၀ ပြည့်မြောက်သည့် ပထမဆုံး တောင်အမေရိက ဂိုးသမားအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း    သိရသည်။

အသက် ၂၉ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဂိုး သမား  အီဒါဆန်သည် ၂၀၁၇ ခုနှစ်က  ဘင်ဖီကာ အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာ လင်ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းသို့   စတင်ရောက်ရှိစဉ်ကတည်းက   အဓိကဂိုးသမားအဖြစ် လက်ရှိအချိန်ထိ လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

အီဒါဆန်သည် မန်စီးတီးအသင်းနှင့်အတူ နယူး ကာဆယ်အသင်းနှင့်ကစားသည့်     ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၈ ပွဲ ပါဝင်ကစားခဲ့ရာ၌ ဂိုးမပေးရသည့်ပွဲ  ၁၀၀ ပြည့်မြောက်အောင်  စွမ်း ဆောင်နိုင်သော မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင် ဆိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အီဒါဆန်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးမပေးရသည့်ပွဲ ၁၀၀ ကို ပွဲ ၁၈၀ ဖြင့် ပြည့်မြောက်ခဲ့သည့် ချယ်လ်ဆီးဂိုးသမား ဟောင်း ပီတာဆက်ချ်နှင့် ၁၉၈ ပွဲဖြင့် ပြည့်မြောက် ခဲ့သည့် လီဗာပူးအသင်း ဂိုးသမားဟောင်း ရေနာတို့ ပြီးလျှင်   တတိယမြောက်   ပွဲအနည်းဆုံးဖြင့်  ပြည့်မြောက်ခဲ့သည့် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အီဒါဆန်သည်  ယခုဘောလုံးရာသီတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်  ၂၆  ပွဲပါဝင်ကစားခဲ့ရာ၌ ကိုးပွဲဂိုးမပေးရအောင် စွမ်းဆောင်ပြီး ပယ်နယ်တီသုံးကြိမ်   ကာကွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း   သိရသည်။

Ref;Premierleague.com