စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၇၃)

ဘာကြောင့်လဲဆိုတော့ မြန်မာပြည်အိမ်ထောင်စုဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ဟာ ကျေးလက်များမှာနေထိုင်ကြပြီး ဆင်းရဲကြပါတယ်။ ကားမပြောနဲ့ ဆိုင်ကယ်တောင် အိမ်တိုင်းမစီးနိုင်ကြပါဘူး။ စက်ရုံအလုပ်ရုံဆိုတာတွေ လည်း ကျေးလက်တွေမှာ မရှိသလောက်ပါပဲ။

ကိန်းဂဏန်းတချို့နဲ့ သက်သေပြပါမယ်။ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးစာ ထုတ်လွှတ်လိုက်တဲ့ တစ်ကမ္ဘာလုံးကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ တန်ချိန် သန်းပေါင်း ၃၂၁၇၅ ရှိပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ထုတ်တာက ၀ ဒသမ ၁ ရာခိုင်နှုန်းဆိုတော့ တန်ချိန် ၃၂ သန်းလောက်ပဲရှိပါတယ်။

မိမိတို့နိုင်ငံမှာ အိမ်ထောင်စု ၇ ဒသမ ၅ သန်းခန့်ဟာ ထင်း၊ မီးသွေး သုံးနေကြတာပါ။ မိသားစုတစ်စုဟာ ထင်း၊ မီးသွေးအတွက် နှစ်စဉ် သစ် ကုဗတန် ၂ ဒသမ ၅ တန်ကို မီးရှို့သုံးစွဲနေကြရပါတယ်။ ထင်းတစ်ကုဗ တန်မီးရှို့ရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁ ဒသမ ၆ တန်ထွက်တာဆိုတော့ မိသားစုတိုင်းက ကာဗွန်ဒိုင်အောက်ဆိုဒ် ၄ တန် နှစ်စဉ်ထုတ်လွှတ်နေသလို ဖြစ်နေတာပေါ့။ မိသားစု အားလုံးအတွက်ဆိုရင် နှစ်စဉ် ကာဗွန်ဒိုင်အောက် ဆိုဒ် တန် ၂၉ သန်း ထုတ်လွှတ်နေသလိုဖြစ်နေတာပေါ့။ ဒါဆိုရင် မိမိ တို့နိုင်ငံက ကာဗွန်ဒိုင်အောက်ဆိုဒ် အဓိကထုတ်နေတာကို ဘယ်လိုလျှော့ ကြမလဲ၊ အဖြေက ကာဗွန်အထွက်သက်သာစေဖို့  ထင်း၊ မီးသွေးသုံးတဲ့ နေရာမှာ လျှပ်စစ်ဓာတ်အား အစားထိုးသုံးလို့ရတာပေါ့။ လျှပ်စစ်ထုတ်ရာ မှာလည်း အရင်းအမြစ်မျိုးစုံကို ချိန်ညှိပြီး ရေအား လျှပ်စစ်ကို ဦးစားပေးသုံး ရင် CO2 အထွက်နည်းမှာပေါ့။

ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ် ထပ်တိုးမလာဖို့ အထောက်အကူပြုတဲ့ နေရာမှာ မိမိတို့နိုင်ငံက လုပ်သင့်တာဟာ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား မြန်နိုင်သမျှ မြန်မြန်လုံလောက်အောင်ပေးနိုင်ဖို့က အဓိကပါ။ ဖြန့်ဖြူးတဲ့ ဓာတ်အားခကလည်း ဈေးနှုန်းသင့် တင့်ဖို့တော့ လိုပါတယ်။ လူချမ်းသာနိုင်ငံ တွေလို ဓာတ်အားခဈေးကြီးချင်ကြီးပါစေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ ရင်ပြီးတာပဲဆိုပြီး လွယ်လွယ်ပဲ ဓာတ်ငွေ့နဲ့ မောင်းမယ်ဆိုပြီး လုပ်လို့မရ ပါဘူး။ သူတို့က ငွေတတ်နိုင်တယ်၊ နိုင်ငံကချမ်းသာတော့ သူ့ပြည်သူကို ဓာတ်အားခ အရှုံးခံဖြန့်ဖြူးနိုင်ကြတယ်။ မိမိတို့ပြည်သူက ဆင်းရဲပါတယ်။ ဓာတ်အားခဈေးကြီးကြီးပေးရရင် ရောင်းချမယ့် ထုတ်ကုန် ပစ္စည်းတွေကလည်း နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်ဖို့ခက်မှာပါ။ ဒီတော့ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ နှစ်ဖက် ချင့်ချိန်ပြီး ဓာတ်အားထုတ်လုပ်မှုမှာ အချိုးအစားမှန်စွာ၊ အရင်းအမြစ် မျှတစွာသုံးစွဲပြီး ဓာတ်အားခဈေးလည်း မကြီးအောင် ကာဗွန်ထုတ်လွှတ်မှုလည်း တက်မလာအောင်သာ ထိန်းကြ ရမှာပါ။

အခန်း ( ၂၂ )

စွမ်းအင်ရဲ့အသက်ဟာမူဝါဒ

နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးဆုံးအလုပ်ကတော့ ကဏ္ဍအလိုက် အမျိုးသားမူဝါဒ (National Policy) ချမှတ်တဲ့အလုပ်ပါပဲ။ ဒီမူဝါဒချမှတ် တဲ့နေရာမှာလည်း ကမ္ဘာ့အတွေ့အကြုံရှိအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ် (World Bank) (WB)၊ အာရှဖွံ့ဖြိုးရေး ဘဏ် (Asian Development Bank) (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Corporation Agency) (JICA)  အစရှိတဲ့အဖွဲ့အစည်းတွေကို အာရှဖွံ့ဖြိုးဆဲနိုင်ငံအများစုက အားကိုးကြ ရတာပါပဲ။

ဒီလိုမူဝါဒချမှတ်တဲ့အခါ သူတို့မှာ အတွေ့အကြုံရှိတယ်ဆိုပြီး နိုင်ငံခြားသားလက်ထဲကို ဝကွက်အပ်လိုက်လို့တော့မရပါဘူး။ ဒီလိုအရေးကြီးတဲ့ မူဝါဒတွေ ရေးဆွဲရာမှာ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေအားလုံးက ဝန်ကြီးတွေ၊ ဌာနအကြီးအမှူးတွေ၊ ပံ့ပိုးနိုင်မယ့် ဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေထဲက သက်ဆိုင်ရာဘာသာရပ်မှာ ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့က ဦးဆောင်ပြီး ညှိနှိုင်းဆောင်ရွက်ကြရပါတယ်။

မူဝါဒအတွက် မူဘောင် ၂ ရပ်

ယခုဖော်ပြမှာကတော့ နိုင်ငံတော်အတွက်အရေးပါတဲ့ စွမ်းအင်မူဝါဒ ချမှတ်မှုပဲဖြစ်ပါတယ်။ စွမ်းအင်မူဝါဒဟာ နိုင်ငံတိုင်းမှာ အလွန် အရေးကြီး တဲ့မူဝါဒပါ။ မိမိတို့နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ဒီစွမ်းအင်မူဝါဒကိုရေးဆွဲရာမှာ နိုင်ငံတော်က ချမှတ်ထားပြီးဖြစ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲမှု အမျိုးသားမူဘောင်ရဲ့ ဦးတည်ချက်နှစ်ရပ်ကို အလေးအနက်ထား ဆောင်ရွက်ထားတာ တွေ့ပါတယ်။ အဲဒီမူဘောင်နှစ်ရပ်ကတော့ -

            (က) မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သားများအား ကောင်းမွန်သော စားဝတ်နေရေးမျှော်မှန်းချက်များကို ပေးစွမ်းနိုင်ပြီး ခေတ်မီတိုး တက်သော နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် လက်ရှိဆောင် ရွက်နေသော ပြုပြင်ပြောင်းလဲရေးစီမံချက်များကို နောက်ကြောင်း မပြန်စေဘဲ ရှေ့သို့ဆက်လက်ရွေ့လျားနိုင်ရေး။

            (ခ)       အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များကို အလျင်အမြန် ဆောင်ရွက်ရေး။

တို့ပဲဖြစ်ပါတယ်။

ဒီနှစ်ချက်စလုံးကို အမျိုးသားစွမ်းအင်မူဝါဒရေးဆွဲတဲ့အချိန်မှာ အဓိက မူဘောင်နှစ်ရပ်အဖြစ် လက်တွေ့ကျင့်သုံးခဲ့ပါတယ်။ စွမ်းအင် မူဝါဒရေးဆွဲ တဲ့အခါမှာ လက်ရှိ မိမိတို့နိုင်ငံရဲ့စွမ်းအင်ကဏ္ဍကိန်းဂဏန်းတွေ လက်ရှိ အခြေအနေမှန်နဲ့ ရေရှည်မျှော်မှန်း ချက်တွေကို ဦးစွာသိထားဖို့လိုလာပါတယ်။ အမျိုးသားစွမ်းအင်မူဝါဒ မရေးဆွဲမီကရှိနေတဲ့ ကိုယ့်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ အခြေအနေကို အသေးစိတ် လေ့လာတဲ့အခါမှာ တွေ့ရှိချက် တွေ အောက်ပါအတိုင်းရလာပါတယ်။ ဒီထဲကတချို့ကို ကောက်နုတ် ဖော်ပြရရင် နိုင်ငံမှာ စွမ်းအင်အတွက် ထင်းနဲ့မီးသွေးသုံးစွဲမှုဟာ စွမ်းအင် အားလုံးသုံးစွဲမှုရဲ့ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းထိ မြင့်မားနေတဲ့ အချက်ကို ဦးစွာ တွေ့ပါတယ်။ ဒုတိယတွေ့တာကတော့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ လျှပ်စစ်မီးသုံးစွဲခွင့် မရသေးတဲ့အချက်ပါ။

ဆက်လက်ဖော်ပြပါမည်။