စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၇၄ )
ဒီနှစ်ချက်ကိုကြည့်တာနဲ့ ဒီနိုင်ငံ တော်တော်ဆင်းရဲနေတယ်ဆိုတာပေါ်ပါတယ်။ ဒါကိုသိမှလည်း ဒီနိုင်ငံနဲ့သင့်လျော်တဲ့မူဝါဒချဖို့ ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာပါ။
နိုင်ငံရဲ့စွမ်းအင်သုံးစွဲမှုအမျိုးအစားအခြေအနေ (၂၀၁၂ ခုနှစ်)
အမျိုးအစား သုံးစွဲမှုရာခိုင်နှုန်း
ထင်း၊ မီးသွေး ၇၆.၄၃
ရေနံထွက်ပစ္စည်း ၈.၅၈
သဘာဝဓာတ်ငွေ့ ၄.၉၆
လျှပ်စစ်ဓာတ်အား ၇.၉၆
ကျောက်မီးသွေး ၂.၀၇
ရေနံသဘာဝဓာတ်ငွေ့အခြေအနေ
ဆက်လက်ပြီး နိုင်ငံတကာမှာ အလွန်အသုံးများနေတဲ့ စွမ်းအင်အရင်းအမြစ်နှစ်မျိုးဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့သုံးစွဲမှုအခြေအနေ (၂၀၁၀ ပြည့်နှစ်) ကို လေ့လာတွေ့ရှိတာက-
နိုင်ငံအလိုက် ရေနံသဘာဝဓာတ်ငွေ့သုံးစွဲမှုအခြေအနေ(၂၀၁၀ ပြည့်နှစ်)
နိုင်ငံ နေ့စဉ်ရေနံစိမ်းသုံးစွဲမှု နေ့စဉ်သဘာဝဓာတ်ငွေ့သုံးစွဲမှု
(စည်သန်းပေါင်း) (ကုဗပေသန်းပေါင်း)
တရုတ် ၉.၇၅ ၁၂၆၃၅
အိန္ဒိယ ၃.၄၇ ၅၉၀၇
စင်ကာပူ ၂.၇၉ ၈၅၀
အင်ဒိုနီးရှား ၁.၄၃ ၇၆၆၄
ထိုင်း ၁.၀၈ ၄၅၀၅
ဗီယက်နမ် ဝ.၇၆ ၈၂၂
မလေးရှား ဝ.၆၀ ၂၇၅၅
ဘင်္ဂလားဒေ့ရှ် ဝ.၁၀ ၁၉၂၃
မြန်မာ ဝ.၁၀ ၃၆၅
ကမ္ဘောဒီးယား ဝ.၀၇ -
၂၀၁၃ ခုနှစ်အတွက် သဘာဝဓာတ်ငွေ့ကို ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့သဘာဝဓာတ်ငွေ့ထွက်ရှိမှုက ၁၈၆၅ MMCFD (နေ့စဉ် ထွက်ရှိမှု ကုဗပေသန်းပေါင်း)ရှိသော်လည်း ထိုင်းကို ၁၁၀၀ MMCFD နဲ့ တရုတ်ကို ၄၀၀ MMCFD ရောင်းချထားတာကြောင့် ပြည်တွင်း အတွက် ၃၆၅ MMCFD ပဲသုံးဖို့ကျန်ပါတယ်။
ပြည်တွင်းလုပ်ကွက်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ နိုင်ငံအတွက် သုံးစွဲနိုင်မှုအကျဉ်းချုပ်ကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်-
မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနဲ့သုံးစွဲမှု MMCFD (၂၀၁၂ ခုနှစ်)
လုပ်ကွက် ထုတ်လုပ်မှု ထိုင်းသို့ တရုတ်သို့ ပြည်တွင်းသုံး
ရတနာ ၉၀၀ ၇၀၀ - ၂၀၀
ရဲတံခွန် ၄၀၀ ၄၀၀ - -
ရွှေ ၅၀၀ - ၄၀၀ ၁၀၀
ကုန်းတွင်း ၆၅ - - ၆၅
စုစုပေါင်း ၁၈၆၅ ၁၁၀၀ ၄၀၀ ၃၆၅
ပြည်တွင်းသုံးမှာလည်း လျှပ်စစ်ထုတ်လုပ်မှုက ၆၀ ရာခိုင်နှုန်း၊ ဓာတ် မြေသြဇာစက်ရုံများက ၁၂ ရာခိုင်နှုန်း၊ ရေနံဓာတ်ငွေ့ ရည်အတွက် ၁၀ ရာခိုင်နှုန်းခန့် အသီးသီးသုံးပါတယ်။
ရေနံဓာတုဗေဒစက်ရုံများ
ဆက်လက်ပြီး ၂၀၁၂/၂၀၁၃ ခုနှစ်များမှာဖြစ်ပေါ်နေတဲ့ ရေနံဓာတုဗေဒစက်ရုံများရဲ့ အခြေအနေမှာလည်း မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှာရှိနေတဲ့ ရေနံချက်စက်ရုံ ၃ ရုံပေါင်းဟာ နေ့စဉ် ရေနံစည် ၅၀၀၀၀ ချက်လုပ်ဖို့ တည်ဆောက်ထားပေမယ့် ၄၀ ရာခိုင်နှုန်း လောက်ပဲ လုပ်ငန်းစွမ်းဆောင်ရည်ရှိပါတယ်။ ရေနံဓာတ်ငွေ့ရည်စက်ရုံကလည်း သုံးရုံရှိရာမှာ နေ့စဉ်ကုဗပေသန်းပေါင်း ၄၂ မှ ၅၀ ထိ သာ ထုတ်လုပ်ပေးနိုင်ပါတယ်။
ဓာတ်မြေသြဇာစက်ရုံ ၅ ရုံရှိရာမှာလည်း အားလုံးပေါင်းမှ တစ်ရက်ကို တန် ၂၀၀၀ ခန့်သာထုတ်လုပ်ပေးနိုင်လို့ ၂၀၁၄/၂၀၁၅ ခုနှစ်မှာ နေ့စဉ် (ဓာတ်မြေသြဇာ) တန် ၈၀၀ ကျော် ပြည်ပက ဝယ်ယူတင်သွင်းနေရပါတယ်။
ကျောက်မီးသွေး
ကျောက်မီးသွေးကို ပြန်ကြည့်ရင်လည်း မြန်မာ့ကျောက်မီးသွေးဟာ အဆင့်နိမ့် Lignite နဲ့ Sub-bituminous အဆင့်သာရှိပါတယ်။ ကိုယ့်နိုင်ငံမှာ စုစုပေါင်းတန်သန်း ၄၅၀ လောက် ကျောက်မီးသွေးသိုက်တွေရှိတယ်ဆိုပေမယ့် ဒီအရေ အတွက်ဟာ ကမ္ဘာ့နိုင်ငံတချို့ရဲ့ တစ်နှစ်စာ ထုတ်လုပ်မှုပမာဏတောင်မရှိပါဘူး။ (လက်တွေ့မှာ ယခု ကိန်းဂဏန်းထက် နည်းနိုင်ပါတယ်)
လျှပ်စစ်
လျှပ်စစ်နဲ့ပတ်သက်ရင်လည်း ဓာတ်အားစနစ်ထဲမှာ ၂၀၁၂-၂၀၁၃ ခုနှစ်ထိ အောက်ပါအတိုင်းသာ တပ်ဆင်အင်အားရှိပါတယ်-
ဓာတ်အားကွန်ရက်အတွင်းရှိ တပ်ဆင်စက်အင်အား (၂၀၁၂ ခုနှစ်)
စက်ရုံအမျိုးအစား အရေအတွက် တပ်ဆင် အတည်ပြု မူလဒီဇိုင်း
အင်အား အင်အား စက်စွမ်းရည်
(မဂ္ဂါဝပ်) (မဂ္ဂါဝပ်) (ကီလိုဝပ် နာရီသန်း)
ရေအား ၂၀ ၂၇၈၀ ၉၈၆ ၁၃၈၇၁.၈
ဓာတ်ငွေ့ (နိုင်ငံပိုင်) ၉ ၇၁၄.၅ ၄၂၇ ၃၉၄၆.ဝ
ရေနွေးငွေ့ ၁
ဓာတ်ငွေ့ (ပုဂ္ဂလိက) ၄ ၂၁၆၅ ၂၁၅ ၁၄၅၇.၀
ကျောက်မီးသွေး ၁ ၁၂၀ ၂၇ ၆၀၀.ဝ
စုစုပေါင်း ၃၅ ၃၈၃၁.၅ ၁၆၅၅ ၁၉၈၇၄.၈
(အတည်ပြုအင်အား = တစ်နှစ်ပတ်လုံးအဆက်မပြတ်ထုတ်လုပ်နိုင်သောအင်အား)
ဆက်လက်ဖော်ပြပါမည်။