ရန်ကုန်ယူနိုက်တက်အသင်း AFC Cup လက်ကျန်ပွဲအတွက် ခေါ်ဆောင်သွားမည့် ကစားသမားများကို မသတ်မှတ်ရသေး

ရန်ကုန်ယူနိုက်တက် အသင်းသည် AFC Cup အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ရန်    ခေါ်ဆောင်သွားမည့် ကစားသမားများကို   မသတ်မှတ်ရသေးကြောင်း   အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း  ယှဉ်ပြိုင်မည့်  AFC Cup အာဆီယံဇုန် အုပ်စု (စ) လက်ကျန်ပွဲစဉ်များကို   ဗီယက်နမ်နိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည် ဖြစ်သည်။

မူလက င်္ဗဃ ဃကစ  ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ခရီးသွားလာမှုလျော့နည်းစေရန် အာရှဘောလုံးအဖွဲ့ချုပ် (AFC)က သင့်လျော်သည့် အိမ်ရှင်နိုင်ငံ ရွေးချယ်၍ တစ်ကျော့တည်း ကျင်းပစေခြင်း ဖြစ်သည်။

“ဗီယက်နမ်နိုင်ငံကို ခေါ်ဆောင်သွားဖို့ ကစားသမားရွေးချယ်မှု မလုပ်ရသေးပါဘူး။ AFC ကလည်း ကစားသမား အရေအတွက် ဘယ်နှဦးခေါ်ဆောင်ရမယ်ဆိုတာ မသတ်မှတ်ရသေးတဲ့အတွက် မဆုံးဖြတ်ရသေးတာပါ။ ပြိုင်ပွဲက  နှစ်ရက်ခြားတစ်ကြိမ်ကစားရမှာဖြစ်လို့  ကစားသမားအလုံအလောက်ခေါ်ဖို့ လိုပါတယ်။ AFC ရဲ့ သတ်မှတ်ချက်အတိုင်း ကစားသမားဦးရေကို ခေါ်ဆောင်သွားမှာပါ”ဟု ၎င်းကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့် AFC   Cup အာဆီယံဇုန်  အုပ်စု (စ) လက်ကျန်ပွဲစဉ်များကို စက်တင်ဘာ ၂၃ ရက်၊ ၂၇ ရက်နှင့်  ၂၉  ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ သောင်နုတ်အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုနှစ်   AFC   Cup အာဆီယံဇုန်  ပထမအကျော့သုံးပွဲ ကစားပြီးချိန်တွင်  နှစ်ပွဲနိုင်၊ တစ်ပွဲသရေ  ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။                             

ကိုရဲ