ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် ၉

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။

          ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူ သစ်သားတံတား/ ပြွန်ကြီးတံတား(ဒေသအခေါ်)အား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား ၁ စင်းလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ သွားလာ၍မရကြောင်း သိရှိရသည်။

          ထိုသို့ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိ သူများက ပြန်လည်ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူဖြတ်သန်းသွားလာအသုံးပြု လျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များအား  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။