ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်ကြော်ငြာစာအမှတ်  ၈၂/၂၀၂၃

၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော်  ၅  ရက်

(၂၀၂၃  ခုနှစ်၊ မတ်လ  ၁၀  ရက်)

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်း ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃ ဖြင့်ပြဋ္ဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃  ခုနှစ်၊ ဧပြီလ  ၁  ရက် (၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်)နေ့တွင် စတင်အာဏာတည်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်လိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

            (ပုံ)မင်းအောင်လှိုင်

            ဗိုလ်ချုပ်မှူးကြီး

            ဥက္ကဋ္ဌ

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ