ဖောင်းပြင်မြို့နယ်၌ စိုက်ပျိုးထားသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင်မြို့နယ်၌ စိုက်ပျိုးထားသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ တောင်သူများအနေဖြင့် စားသုံးဆီ ဖူလုံမှုရှိစေရန်နှင့် မိသားစုဝင်ငွေ ရရှိစေရန် နေကြာများ တိုးချဲ့စိုက်ပျိုးလာကြရာ နေကြာ စိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း   ဒေသခံနေကြာစိုက် တောင်သူ များ၏ ပြောပြချက်အရ သိရသည်။

နေကြာစိုက်ပျိုးရာ၌  အများအားဖြင့် ရေဆင်း (၁) စပ်မျိုးနေကြာကို စိုက်ပျိုးကြ ပြီး ယခုနှစ်တွင် နိုင်ငံတော်မှ တောင်သူများအတွက်  နေကြာမျိုးစေ့များ  အခမဲ့ ပံ့ပိုးပေးထားသည့်အပြင်   စိုက်ပျိုးစရိတ် ချေးငွေများ   ထုတ်ချေးပေးခဲ့ခြင်းကြောင့် တောင်သူအများစုက  နေကြာတိုးချဲ့ စိုက်ပျိုးလာကြကြောင်း၊ လက်ရှိတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက စိုက်ပျိုးခဲ့သည့် နေကြာများမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါဒေသ၌  နေကြာကို  သီးထပ် စနစ်ဖြင့် ဖေဖော်ဝါရီ လကုန်ပိုင်းအထိ စိုက် ပျိုးကြပြီး  ထယ်ရေးနှစ်စပ်၊  ထွန်ရေးနှစ်စပ် ထွန်ရက်ကာ တန်းခြား ၂ ပေ၊ ပင်ခြား ၈ လက်မခန့်ထား၍  အတန်းလိုက်  အစေ့ချ စနစ်ဖြင့် လည်းကောင်း၊   ကြဲပက်၍လည်း ကောင်း  စိုက်ပျိုးကြသည်။  အတန်းလိုက် စိုက်ပျိုးခြင်းသည် အပင်ပေါက်စုံသည့်အပြင် အထွက်နှုန်းပိုနိုင်ပြီး အတန်းလိုက်အစေ့ချ စိုက်ပျိုးလျှင် တစ်ဧကအထွက်နှုန်း တင်း ၂၀ မှ  ၃၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း၊ နေကြာစိုက်ပျိုးခြင်းသည်    စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာပြီး   စားသုံးဆီဖူလုံစေ သည့်အပြင် မိသားစုဝင်ငွေပိုမိုရရှိစေနိုင် သောကြောင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်သည်။

ဖောင်းပြင်မြို့နယ်၌ နေကြာကို ပိုးစာကုန်း၊  ဆည်ချောင်း၊ ရွှေညောင်ပင်၊ ကုန်း အောက်တောင်း၊ နောင်ရင်း၊ မင်းယားနှင့် ကော်ကမ်းကျေးရွာတို့၌ အများဆုံး စိုက်ပျိုး ကြောင်း သိရသည်။