စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ်(၈၃)

နည်း(ခ)ဆိုတာကတော့ COP-21 အရ ၂၁၀၀ ပြည့်နှစ်မှာ ရှိသင့်တဲ့ ကမ္ဘာကြီးပူနွေးမှုဒီဂရီကို လက်ရှိအခြေအနေကနေ သိသာစွာ လျှော့ချ ပေးနိုင်ဖို့ ပြန်လည်ပြည့်ဖြိုးမြဲတွေကိုသာ အဓိကဦးစားပေးသုံးဖို့ ရည်မှန်း ချက်ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကို နိုင်ငံအများစုက လိုက်နာဖို့ခက်နေပါ တယ်။ ဒါကို နည်း(ခ) မျှော်မှန်းချက် သို့မဟုတ်   Sustainable Development Scenario လို့ ခေါ်ပါတယ်။ ဒီနည်း(က)နဲ့ နည်း(ခ)ကို နိုင်ငံ အလိုက် ဇယားမှာဖော်ပြမှာဖြစ်လို့ ကြိုတင်ရှင်းလင်းဖော်ပြခဲ့ခြင်းဖြစ်ပါ တယ်။ အတိုချုပ် ပြောရရင်တော့ နည်း(က)ဆိုတာ နိုင်ငံတွေ အတတ်နိုင်ဆုံး CO2 လျှော့ချမယ့် ကိုယ်ပိုင်အစီအစဉ်ဖြစ်ပြီး နည်း(ခ)ကတော့ COP-21 ညီလာခံက ဖြစ်ချင်တဲ့ နောက်ဆုံးပန်းတိုင်ရည်မှန်းချက်ပါပဲ။

အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းအင်ဗျူဟာ

အမေရိကန်ပြည်ထောင်စုဟာ လူဦးရေ ၃၁၉ ဒသမ ၉၂၉ သန်း (၂၀၁၅ ခုနှစ်) ရှိပါတယ်။ တစ်နိုင်ငံလုံးသုံးစွဲလိုက်တဲ့ဓာတ်အားက ၄၀၁၅ Terawatt hour(TWh)(1TWh = 1012KWh) ရှိတဲ့အတွက် လူတစ်ဦး ချင်းစီ လျှပ်စစ်တစ်နှစ်စာအသုံးဟာ ၁၂၅၅၀ ကီလိုဝပ် နာရီရှိပါတယ်။ ကမ္ဘာပေါ်မှာ လူတစ်ဦးချင်း တစ်နှစ်စာသုံးစွဲနိုင်တဲ့ လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထဲက နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ရဲ့ အတည်ပြုနိုင်တဲ့ (Proven) သဘာဝဓာတ်ငွေ့သိုက်ပိုင်ဆိုင်မှုဟာ ဘီလျံကုဗမီတာ ၉၆၅၉ ရှိတဲ့အတွက် ကမ္ဘာမှာ ဓာတ်ငွေ့သိုက် နံပါတ် (၄) အဆင့်ပိုင်ဆိုင်သူဖြစ်ပါ တယ်။ သဘာဝဓာတ်ငွေ့ (LNG ပြုလုပ်ရောင်းချခြင်း အပါအဝင်) ပိုမို ထုတ်လုပ် လာတာကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းက ၂၀၁၄/၂၀၁၅ ခုနှစ်ကစပြီး အမေရိကန်ဈေးကွက်မှာ 3 US Dollar/mmbtu ထိ ကျဆင်း လာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်ထုတ် World Energy Outlook-2016 ရဲ့ ဖော်ပြချက်အရ အမေရိကန်ဟာ သူထုတ်တဲ့ သဘာဝဓာတ်ငွေ့ကိုသုံးပြီး သူ့နိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းနေပြီး အချို့ကို ပြည်ပပို့ကုန်အဖြစ် LNG ပြုလုပ်တင်ပို့ ရောင်းချနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူထုတ်ရောင်းတဲ့ LNG ဟာ ဒေါ်လာ ၆၇ ဘီလျံကျော် ဖိုးရှိတယ်လို့ဆိုပါတယ်။ တစ်နိုင်ငံလုံး မီးထိန်ထိန်ညီးအောင် ထွန်းညှိ အသုံးပြုနေပေမယ့် တကယ်တမ်းလေ့လာလိုက်တော့ သူထုတ်လုပ်သုံးစွဲ တဲ့ လျှပ်စစ်တစ်နှစ်စာ အသုံးရဲ့ ၃၄ ရာခိုင်နှုန်းခန့်ကိုသာ ဓာတ်ငွေ့နဲ့မောင်း နှင်ထုတ်လုပ်သုံးစွဲနေတာကလည်း လေ့လာစရာပါပဲ။ ကျန်တဲ့စွမ်းအင် အရင်း အမြစ်တွေကိုရော လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုမှာ ဘယ်လိုအချိုးတွေ နဲ့ သုံးစွဲခဲ့သလဲ။ နောင်မှာ သူတို့ဘယ်လိုလျာထားချက်တွေ ရေးဆွဲဆောင် ရွက်နေသလဲဆိုတာ ပြောပါမယ်။

၂၀၁၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက လျှပ်စစ်ကဏ္ဍအတွက် ဘယ်လိုအရင်းအမြစ်တွေကိုသုံးပြီး ဘယ်လိုအချိုးနဲ့ထုတ်ခဲ့သလဲ၊ ၂၀၄၀ ပြည့်နှစ်မှာရော နည်း(က)နဲ့ နည်း(ခ) နှစ်မျိုးစလုံး ဘယ်အချိုးတွေနဲ့ ခရီးဆက်မလဲဆိုတာ အောက်ကဇယားမှာ လေ့လာကြည့်ပါ -

အမေရိကန်နိုင်ငံရဲ့

စွမ်းအင်အရင်းအမြစ်တစ်ခုစီအလိုက်

လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုနဲ့ မျှော်မှန်းချက် (TWh)

အမေရိကန်ရဲ့ လျှပ်စစ်သုံးစွဲမှုကိုလေ့လာရင် ၂၀၄၀ ပြည့်နှစ်မှာ ဓာတ်အားပိုမိုသုံးစွဲမှာကို  တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၆  ခုနှစ်မှာ ကျောက်မီးသွေးနဲ့ နျူကလီးယားနှစ်ခုပေါင်းဟာ တစ်နိုင်ငံလုံးဓာတ်အား အသုံးရဲ့ ၅၁ ရာခိုင်နှုန်းလောက်ထိရှိတဲ့အတွက် ဓာတ်အားခ ဈေးနှုန်း သက်သာနေမယ်ဆိုတာ ခန့်မှန်းလို့ရပါပြီ။ သူ့နိုင်ငံက ဓာတ်ငွေ့တွေ LNG တွေ ဘယ်လောက်ပဲ အလျှံပယ် ထွက်နေပါတယ် ဆိုပေမယ့် ၂၀၁၆ ခုနှစ်မှာ တစ်နိုင်ငံလုံးဓာတ်အားလိုအပ်ချက်ရဲ့ ၃၄ ရာခိုင်နှုန်းကိုသာ ဓာတ်ငွေ့သုံးပြီး မောင်းနှင်ထုတ်လုပ်ပေး နေတာကိုလည်း သင်ခန်းစာယူရ မှာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ COP-21 လို့ခေါ်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးညီလာခံ (ပြင်သစ်)ရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာဆောင်ရွက်ရမယ်ဆိုရင် သူဟာ ၂၀၄၀ ခုနှစ်မှာ သူ့တစ်နိုင်ငံလုံး ရဲ့ ဓာတ်အားပေးမှုမှာပါနေတဲ့ ကျောက်မီးသွေး ပါဝင်မှုကို ၂ ရာခိုင်နှုန်းသာ ထားရတော့မှာဖြစ်လို့ လာမယ့် ၂၃ နှစ်အတွင်း ဒီလုပ်ငန်းကြီးမှာ ပါဝင် လည်ပတ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်အားတွေ၊ အကျိုးအမြတ်တွေ အတွက် စဉ်းစားစရာဖြစ်လာမယ်။ တစ်ဖက်ကလည်း ဓာတ်အားလိုအပ် ချက်ပြည့်မီဖို့အတွက် လေအား၊ နေအားတွေကို မြောက်မြားစွာ တိုးချဲ့ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။ ဒါဆိုရင် ဓာတ်အားခဈေးနှုန်းတက်လာ မှာတော့ မလွဲပါဘူး။ ဒီတော့ အမေရိကန်သမ္မတကိုယ်တိုင်က COP-21 စာချုပ်ကနေ နုတ်ထွက်မယ်လို့ ဆိုထားတဲ့အတွက် နည်း(က)ကသာ အမေရိကန်ရဲ့ရည်မှန်းချက်ဖြစ်သွားနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။