တရုတ်၊ ရုရှား၊ အီရန်နှင့်အခြားနိုင်ငံများ အိုမန်ပင်လယ်ကွေ့၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

တရုတ်၊ ရုရှား၊ အီရန်နှင့်အခြားနိုင်ငံများ အိုမန်ပင်လယ်ကွေ့၌ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

တရုတ်၊ ရုရှား၊ အီရန်နှင့် အခြားနိုင်ငံများမှ   ရေတပ်များအနေဖြင့်   အိုမန်ပင်လယ်ကွေ့၌ မတ် ၁၅ ရက်မှ ၁၉ ရက်အထိ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း     တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီး ဌာနက မတ် ၁၅ ရက်တွင်ထုတ်ပြန်ထားသည်။

တရုတ်၊ အီရန်၊ ရုရှားနဲ့ အခြားနိုင်ငံများမှရေတပ်များက မတ် ၁၅ ရက်ကနေ ၁၉ ရက်အထိ  Security Ties 2023  အမည်ရှိ ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုများကို အိုမန်ပင်လယ်ကွေ့မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်မှုတွင်   တရုတ်ရေတပ်မှ နန်နင်းအမည်ရှိ ဒုံးကျည်တင်ဖျက်သင်္ဘောပါဝင်သွားမည်ဖြစ်ကာ ဝေဟင်ရှာဖွေရေးလုပ်ငန်းများ၊    ပင်လယ်ပြင်ကယ်ဆယ်ရေး၊   ရေတပ်စစ်ရေးပြပုံစံလေ့ကျင့်ခန်းများအပြင်   အခြားသော လေ့ကျင့်မှုများလည်း ပါဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ပါဝင်သော အဖွဲ့ဝင်နိုင်ငံများ၏ ရေတပ်များအကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်သည့်အပြင် ဒေသတွင်း တည်ငြိမ်ရေးနှင့်  ငြိမ်းချမ်းရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တရုတ်၊ ရုရှား၊ အီရန်အပြင် စစ်ရေးလေ့ကျင့်ခန်း၌ ပါဝင်မည့်အခြားသော နိုင်ငံများမှာ   မည်သည့်နိုင်ငံများ ဖြစ်သည်ကို တရုတ်အစိုးရက  ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။             

Ref: Tass