ပုလောမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

ပုလောမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် - ၁၆

    တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးတိုးတက်မှုအခြေအနေ များကို မေးမြန်းအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

    ထို့နောက် တိုင်းမှူးက မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးပဒေသာပင် အလှူငွေများ လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။