ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဆင်းပွဲ ကျင်းပ ပြုလုပ်

ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ်(/၂၀၂၃)ဆင်းပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ မတ် -၁၆

       လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်း(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲတောင်ရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့များ၊ သင်တန်းသားများ၊ ၎င်းတို့၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ဒေသခံ တိုင်းရင်းသားတာဝန်ရှိသူ တစ်ဦးနှင့် သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကား များ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းတွင် စံပြဆု၊ သက်မွေးထူးချွန်ဆု၊ အားကစားထူးချွန်ဆု ရရှိသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

       ၎င်းနောက် သင်တန်းသားများက "အမွေခံဆိုး၏နောင်တ" သီချင်းနှင့် "ကြိုနေမယ်နှစ်သက်ဂေဟာ" သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ရာ ဂေဟာတာဝန်ခံက လက်ခံရယူသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများ၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ပြုလုပ်ထားရှိသော ပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။

         အဆိုပါ သင်တန်းကို သင်တန်းသား ၃၀ ဦးဖြင့် ဖေဖော်ဝါရီလ ၅ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။