သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော်( သိန်းနီဟော်နန်း ) ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ဟော်နန်းတော်( သိန်းနီဟော်နန်း ) ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် -၁၆

       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်( မြောက်ပိုင်း ) သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်( သိန်းနီဟော်နန်း) အား ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် သိန်းနီဟော်နန်းဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်နာယက ဆရာတော်ကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြိုဖများက အဆိုပါ သိန်းနီ ဟော်နန်းတော်သို့ သွားရောက်ကြည့်ရှုကြသည်။

      ဦးစွာ တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ်တို့ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညို ကြပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

       ထို့နောက် သိန်းနီဟော်နန်း ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ရာ ဟော်နန်းပြန်လည် တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင် နီယာများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

     ယင်းနောက် သိန်းနီဟော်နန်းဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်နာယက ဆရာတော်ကြီးများ၊ တိုင်းမှူး နှင့် အဖွဲ့ဝင်များက သိန်းနီဟော်နန်း ပြန်လည်တည် ဆောက်နေမှု၊  လုပ်ငန်းပြီးစီးမှုနှင့် သိန်းနီမြို့အဝင်ရှိ သိန်းနီနောင်ကန်တော်ကြီးတို့ အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဟော်နန်း တည်ဆောက်ရေးနှင့်  သိန်းနီနောင် ကန်တော်ကြီးနှင့်ပတ်ဝန်းကျင် သာယာလှပရေးအတွက် တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။