သြစတြေးလျက ရောဂါသုံးမျိုးအန္တရာယ်နှင့်ပတ်သက်၍သတိပေး

သြစတြေးလျက ရောဂါသုံးမျိုးအန္တရာယ်နှင့်ပတ်သက်၍သတိပေး

သြစတြေးလျနိုင်ငံ၌ မကြာမီကျရောက်မည့် ဆောင်းတွင်းကာလအတွက် တွေ့ကြုံရနိုင်သည့် ရောဂါသုံးမျိုးအန္တရာယ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြောက်ကမ္ဘာခြမ်းအတွက်ဆောင်းရာသီကာလအတွင်း  ရင်ဆိုင်ခဲ့ရသောရောဂါသုံးမျိုးဖြစ်သည့်    ကိုဗစ်-၁၉ ရောဂါ၊တုပ်ကွေးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတို့ကို သြစတြေးလျနိုင်ငံကလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များကပြောသည်။

ထို့ပြင်    အဆိုပါရောဂါသုံးမျိုးနှင့် ရင်ဆိုင်လာရပါက သြစတြေးလျနိုင်ငံ၏ကျန်းမာရေးစနစ်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း သြစတြေးလျအမျိုးသား တက္ကသိုလ်မှ   ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် နစ်ကုတ်စဝေါ့ကပြောသည်။

လူအများစုက  အထွေထွေရောဂါကုဆရာဝန်များအပေါ်မှာသာ မှီခိုနေကြရပါတယ်။ ဒီအတွက်ကြောင့် ရောဂါ သုံးမျိုးစုံဖြစ်ပွားလာပြီဆိုရင်   အဲဒီဆရာဝန်တွေနဲ့ဆေးခန်းတွေအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်ဟု ၎င်းကဆက်ပြောသည်။

ထို့အတွက်   ပြည်သူများအနေဖြင့် တုပ်ကွေးရောဂါကာကွယ်ဆေးများကို ကြိုတင်ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုလည်း   အကြိမ်ရေအပြည့်ထိုးနှံထားရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။      

 Ref: Xinhua