ဂျပန်နှင့်တောင်ကိုရီးယားတို့ ကုန်သွယ်ရေးအငြင်းပွားမှုအဆုံးသတ်

ဂျပန်နှင့်တောင်ကိုရီးယားတို့ ကုန်သွယ်ရေးအငြင်းပွားမှုအဆုံးသတ်

ဂျပန်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး အငြင်းပွားမှုသည်  တောင်ကိုရီးယားသမ္မတ၏ ဂျပန်နိုင်ငံခရီးစဉ်တွင် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတယွန်းဆက်ယိုသည် မတ် ၁၆ ရက်တွင်  ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုခရီးစဉ်သည်   နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာအသစ်ကို ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောထားသည်။

ယခုအခါ ဂျပန်အစိုးရက တောင်ကိုရီးယားနိုင်ငံသို့တင်ပို့မည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက်လိုအပ်သော ကုန်ကြမ်းပစ္စည်းများတင်ပို့မှုထိန်းချုပ်ထားခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ   တောင်ကိုရီးယားနိုင်ငံကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဂျပန်နိုင်ငံအပေါ် တရားစွဲဆိုထားမှုကို ရုပ်သိမ်းသွားမည်ဖြစ်သည်။

ယွန်းဆက်ယိုအနေဖြင့် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါနှင့်တွေ့ဆုံစဉ်    နှစ်နိုင်ငံမှကုန်သွယ်ရေးဝန်ကြီးများက ယခုထုတ်ပြန်ချက်ကိုကြေညာခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီများအနေဖြင့်   ဒုတိယကမ္ဘာစစ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှ အတင်းအကျပ် လုပ်အားပေးခိုင်းစေခံရသူများနှင့် ၎င်းတို့၏မိသားစုများကို လျော်ကြေးပေးရန် တောင်ကိုရီးယား တရားရုံးတစ်ခုက ၂၀၁၈ ခုနှစ်တွင် အမိန့်ချပြီးနောက်    နှစ်နိုင်ငံဆက်ဆံရေးတွင် အဖုအထစ်များဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။      

Ref: Bangkok Post