ဥရောပအဆင့်ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်သွင်းဂိုးအဖြစ် ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲ၌ ဂျန့်အသင်းတိုက်စစ်ကစားသမား ဂစ်အိုဘင်သွင်းယူနိုင်

ဥရောပအဆင့်ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်သွင်းဂိုးအဖြစ် ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲ၌ ဂျန့်အသင်းတိုက်စစ်ကစားသမား ဂစ်အိုဘင်သွင်းယူနိုင်

ဥရောပအဆင့်ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး ဟက်ထရစ်သွင်းဂိုးအဖြစ် ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲ ၁၆  သင်းရှုံးထွက်ပွဲစဉ်အဖြစ်  အစ္စတန်ဘူလ်အသင်းနှင့် ဂျန့်အသင်းတို့ကစားသည့်ပွဲစဉ်တွင် ဂျန့်အသင်း တိုက်စစ်ကစားသမား  ဂစ်အိုဘင်က  သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အစ္စတန်ဘူလ်အသင်းနှင့်   ဂျန့်အသင်းတို့သည် ပထမအကျော့ပွဲစဉ်က တစ်ဂိုးစီသရေရလဒ်ထွက်ပေါ် ခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ်အဖြစ် အစ္စတန် ဘူလ်အသင်း  အိမ်ကွင်း၌ ကစားသည့်ပွဲစဉ်တွင် ဂျန့်အသင်းက ၄ ဂိုး -၁ ဂိုးဖြင့်  အနိုင်ရရှိသည့်အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးဖြင့်  ဂျန့်အသင်းက နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂျန့်အသင်းတိုက်စစ်ကစားသမား  ဂစ်အိုဘင်သည်   အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ကာ  ပွဲချိန် ၃၁ မိနစ်တွင်  ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးနောက် ၃၂ မိနစ်တွင်  ဒုတိယဂိုးနှင့် ၃၄ မိနစ်တွင် တတိယဂိုးများ  သွင်းယူနိုင်ကာ  ဥရောပအဆင့်ပြိုင်ပွဲများတွင်  အမြန်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

တိုက်စစ်ကစားသမား  ဂစ်အိုဘင်သည်  ဘယ်လ်ဂျီယံ ပြည်တွင်းလိဂ်ပြိုင်ပွဲတွင်လည်း  ဂျန့်အသင်းနှင့်အတူ ငါးပွဲသာ ပါဝင်ကစားထားသော်လည်း ခုနစ်ဂိုးသွင်းယူပြီး   အဓိကကစားသမားအဖြစ် ခြေစွမ်းပြသ လျက်ရှိကြောင်း သိရသည်။                   

Ref;B/R Football