နတ်မောက်မြို့ မြို့မဈေးကြီး၌ ပန်းဈေးကွက် ရောင်းအားကောင်းလျက်ရှိ

နတ်မောက်မြို့ မြို့မဈေးကြီး၌ ပန်းဈေးကွက် ရောင်းအားကောင်းလျက်ရှိ

    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့မဈေးကြီး၌ ပန်းအမျိုးမျိုး ရောင်းချနေကြရာ ယခုအခါ ပန်းဈေးကွက်အတွင်း ရောင်းအား သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ မကြူသင်းထံမှ သိရသည်။

    နတ်မောက်မြို့မဈေးကြီး၌ ပန်းမျိုးစုံ ရောင်းချနေသူများရှိပြီး ဈေးဖွင့်ရက်များတွင် ရောင်းချသည့်အပြင် ဈေးပိတ်ရက်တွင်လည်း ပန်းမျိုးစုံ ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ ဂန္ဓာမာပန်းရောင်စုံ၊ သပြေပန်းအခက်၊ သပြေငုတ်၊ မေမြို့ပန်း၊ အော်စတာပန်း၊ ရေမွှေးပန်း၊ အနီရောင်နှင်းဆီပန်းတို့ ရောင်းချလျက်ရှိကြောင်း၊ သပြေငုတ်များကို နေပြည်တော်နှင့် အခြားဒေသများမှ မှာယူရောင်းချကြောင်း၊  ပန်းဈေးကွက်မှာ ရောင်းအား သွက်လျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချသူ တစ်ဦးက ပြောသည်။           

    ပန်းဈေးကွက်၌  သပြေငုတ်အကြီးအသေးလိုက်ပြီး သပြေတစ်ငုတ်လျှင် ငွေကျပ် ၁၀၀၀၊ ဂန္ဓမာပန်းငါးခက်ပါ တစ်စည်းလျှင် ငွေကျပ် ၁၀၀၀၊ နှင်းဆီပန်းတစ်ပွင့်လျှင် ငွေကျပ် ၃၀၀ နှုန်း ရောင်းချနေကြကြောင်း သိရသည်။