၂၀၀၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ် အဆင့်သို့ အီတလီကလပ်အသင်းသုံးသင်း ပထမအကြိမ်အဖြစ် ပြန်လည်တက်ရောက်

၂၀၀၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ် အဆင့်သို့ အီတလီကလပ်အသင်းသုံးသင်း ပထမအကြိမ်အဖြစ် ပြန်လည်တက်ရောက်

၂၀၀၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်အဆင့်သို့   အီတလီကလပ်အသင်းသုံးသင်း ပထမအကြိမ်အဖြစ် ပြန်လည်တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အီတလီကလပ်အသင်းများသည် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်များတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုများ ရယူနိုင်ခဲ့ကြသော်လည်း   နောက်ပိုင်းနှစ်များတွင် အီတလီကလပ်အသင်းများအနေဖြင့် အောင်မြင်မှုနှင့် ဝေးကွာခဲ့ကြပြီး ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက် နိုင်ရန်ပင် ရုန်းကန်ခဲ့ကြရခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၂၀၀၆ ခုနှစ်က အီတလီကလပ်အသင်းသုံးသင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်း၊ အင်တာမီလန်အသင်းနှင့်    အေစီမီလန်အသင်းတို့ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ကြပြီး နောက်ပိုင်းနှစ်များတွင်  တက်ရောက်နိုင်ခြင်း မရှိဘဲ  ယခုဘောလုံးရာသီမှသာ     ကွာတားဖိုင်နယ်အဆင့်သို့ အီတလီက လပ်အသင်းများဖြစ်သည့် အင်တာမီလန်အသင်း၊ အေစီမီလန်အသင်းနှင့် နာပိုလီအသင်းတို့ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ  ၁၆ သင်းရှုံးထွက်အဆင့်တွင် စီးရီးအေကလပ်အသင်းများဖြစ်သည့် အင်တာမီလန် အသင်းက ပေါ်တိုအသင်းကိုလည်းကောင်း၊ အေစီလန်အသင်းက စပါးအသင်းကိုလည်းကောင်း၊ နာပိုလီ အသင်းက ဖရန့်ဖက်အသင်းကိုလည်းကောင်း အနိုင်ရရှိပြီး  ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။       

  Ref;One Football