(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

 (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

နေပြည်တော်  မတ်  ၁၇

 

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲအား နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ယနေ့ည ၇ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲတွင် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ စာရေးဆရာ ဆရာကြီး မြင်းမူမောင်နိုင်မိုး၊ စာရေး ဆရာမကြီး တင်ရီမ(ညောင်ဦး)တို့နှစ်ဦးက အလှည့်ကျဟောပြောခဲ့ရာ စာပေဟောပြော ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ စာရေးဆရာ ဆရာကြီး ဝေလွင်မောင်၊   စာရေးဆရာ ဆရာကြီး ကျော်ကျော်သန်း (မဟာဝိဇ္ဇာ)၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

စာပေဟောပြောပွဲတွင် ဆရာကြီး မြင်းမူ မောင်နိုင်မိုးက နိုင်ငံရေးနှင့်တပ်မတော်၊ ဆရာမကြီး တင်ရီမ(ညောင်ဦး)က ပါရမီ ဖြည့်ဖက်တစ်ဦး၏ အမှတ်တရများ ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။ စာပေဟောပြောပွဲအား အရာရှိ၊ စစ်သည် များ၏ အခြေခံစိတ်ဓာတ်ကောင်းမွန်ရေး၊ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် မှန်ကန် သောယုံကြည်ချက်၊ ခံယူချက်ရှိစေရေးနှင့် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန် ထက်သန်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

စာပေဟောပြောပွဲအပြီးတွင် စစ်ရေးပြ စစ်ကြောင်းကြီးများမှ အရာရှိကြီးများက ဟောပြောခဲ့သည့်  စာပေပညာရှင်ဆရာကြီးနှင့် ဆရာမကြီးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။