(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီး (ခုတင်- ၅၀၀)၌ စုပေါင်းသွေးလှူဒါန်း

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီး (ခုတင်- ၅၀၀)၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ မတ် - ၁၈

          ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်နေ့တွင်ကျရာက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး(ခုတင်- ၅၀၀)၌ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၂၀၁ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြသည်။

          ဦးစွာ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထို့သို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။