တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်း(အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) ကတ္တရာ ကွန်ကရိလမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်း(ရတနာလမ်းမှ အုတ်ပုံ ဆိပ်လမ်းထိ) ကတ္တရာ ကွန်ကရိလမ်းများဖွင့်လှစ်

တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်း(အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) ကတ္တရာ ကွန်ကရိလမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်း(ရတနာလမ်းမှ အုတ်ပုံ ဆိပ်လမ်းထိ) ကတ္တရာ ကွန်ကရိလမ်းများဖွင့်လှစ်

နေပြည်တော်၊ မတ် - ၁၈

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်း(အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) ကတ္တရာ ကွန်ကရိလမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်း (ရတနာလမ်းမှ အုတ်ပုံဆိပ်လမ်းထိ) ကတ္တရာ ကွန်ကရိလမ်းများဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါလမ်းများ၌ အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တာမွေ မြို့နယ်၊ လေးထောင့်ကန်လမ်း (အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) ကတ္တရာကွန်ကရိလမ်းနှင့် သင်္ဃန်းကျွန်း မြို့နယ်ရှိ ဝေဇယန္တာလမ်း(ရတနာလမ်းမှ အုတ်ပုံဆိပ်လမ်းထိ) ကတ္တရာကွန်ကရိလမ်းများအား အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

          အဆိုပါလမ်းများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်း (အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) အရှည် ၃၈၁၂ ပေကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်း(ရတနာလမ်းမှ အုတ်ပုံ ဆိပ်လမ်းထိ) အရှည် ၁၅၈၁၀ ပေကိုလည်းကောင်း ကတ္တရာကွန်ကရိလမ်းများအဖြစ် လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။