ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၅ ပါးတို့အား မင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်

ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၅ ပါးတို့အား မင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်

နေပြည်တော်၊ မတ် - ၁၈

          ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၅ ပါးတို့အား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓတက္ကသိုလ်၊ ပညာဝေပုလ္လစာကြည့်တိုက်ခန်းမ၌ ပြုလုပ်ရာ ဇဝနဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဇဝနဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဗုဒ္ဓဘာသာလျာဏယုဝအသင်း(YMBA)ဗဟိုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ  ဇဝနဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဩဝါဒကထာနာယူကာ သံဃာတော်များအား အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ တံဆိပ်တော်၊ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်များ၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA)ဗဟို ဥက္ကဋ္ဌက အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်၊ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ တံဆိပ်တော် ဆက်ကပ်ရခြင်းအကြောင်းကို ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သတင်း ရရှိသည်။