၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုသူစုစုပေါင်း နှစ်ဦးရှိ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုသူစုစုပေါင်း နှစ်ဦးရှိ

နေပြည်တော်    မတ်   ၁၈

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နဝမနေ့ကို  ယနေ့ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဖြေဆိုသူ စုစုပေါင်း နှစ်ဦးရှိကြောင်း သိရသည်။

ယနေ့တွင် ပြည်တွင်းစာစစ်ဌာန နှစ်ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်းနှစ်ဦးရှိပြီး  လာရောက်ဖြေဆိုသူ စုစုပေါင်းနှစ်ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။