မန်ယူအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ဥရောပသွင်းဂိုး ၂၅ ဂိုးပြည့်မြောက်သည့် ကစားသမားအဖြစ် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် မှတ်တမ်းဝင်

မန်ယူအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ဥရောပသွင်းဂိုး ၂၅ ဂိုးပြည့်မြောက်သည့် ကစားသမားအဖြစ် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ် မှတ်တမ်းဝင်

    မန်ယူအသင်း  တိုက်စစ်ကစားသမားရက်ရှ်ဖို့ဒ် သည် ယူရိုပါလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက် ဒုတိယ အကျော့ပွဲစဉ်အဖြစ် ကစားသည့်   မန်ယူအသင်းနှင့် ဘက်တစ်အသင်းတို့ ပွဲစဉ်တွင် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ဥရောပသွင်းဂိုး  ၂၅  ဂိုးပြည့်မြောက်သည့်  ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရက်ရှ်ဖို့ဒ်သည် မန်ယူအသင်းနှင့် ဘက်တစ်အသင်း ပွဲစဉ်၌ ပါဝင်ကစားသည့်အချိန်တွင် ၎င်း၏အသက်မှာ ၂၅ နှစ်နှင့် ၁၃၆ ရက်သာရှိနေသေးသည့်အတွက် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဖြင့် ဥရောပသွင်းဂိုး ၂၅ ဂိုးပြည့်မြောက်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ရက်ရှ်ဖို့ဒ်သည် ပွဲချိန်အစောပိုင်းက  အပိုင်ဂိုးသွင်းခွင့်များကို  လွဲချော်ခဲ့သော်လည်း ပွဲချိန် ၅၆ မိနစ်တွင် ဘက်တစ်အသင်းဂိုး ဧရိယာထိပ်မှ အဝေးကန်ချက်ဖြင့် အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ  ရက်ရှ်ဖို့ဒ်သည်  အင်္ဂလန်ဘောလုံး ကစားသမားများတွင်လည်း အသက်အငယ်ဆုံးဖြင့် ဥရောပသွင်းဂိုး ၂၅ ဂိုးပြည့်မြောက်သည့် ကစားသမားအဖြစ်ပါ  မှတ်တမ်းဝင်ခဲ့ပြီး စီရော်နယ်ဒို၏   မန်ယူအသင်းနှင့်   ဥရောပသွင်းဂိုး စံချိန်ကိုလည်း  တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ခဲ့ကြောင်း သိရသည်။