ခန္တီးမြို့နယ်၊ ကတိုးကြီးကျေးရွာနှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ခန္တီးမြို့နယ်၊ ကတိုးကြီးကျေးရွာနှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၉   

       စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ကတိုးကြီးကျေးရွာရှိ ဒေသခံပြည်သူများ အား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။

       ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးကုသရေး အဖွဲ့ က  ကတိုးကြီးကျေးရွာအတွင်းရှိ ဒေသခံပြည်သူ ၁၀၃ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။

    အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ သံဃာတော်များ နှင့် ဒေသခံပြည်သူ ၂၂၄ ဦးကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ဒေါနဘွားရပ်ကွက်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာ ရေးကျောင်း၌ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

            ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။