နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား တက်ရောက်

နေပြည်တော်၊ မတ် - ၁၉

၂၀၂၃ ခုနှစ်၊ (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌  ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဉီးရန်ကျော်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖတ်ကြားသည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် တာဝန်ရှိသူများသည် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆု  ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ဂုဏ်ပြု အမှာစကားပြောကြားပြီး ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက  မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဆိုလာအစုံ ၁၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  စက်ရေတွင်း ၃ တွင်း တူးဖော်ရန် ထောက်ပံ့ငွေ ကျပ်သိန်း ၃၆၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်သည်။ ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက  အားကစားပစ္စည်းများကို  ပြည်နယ်လူမှုရေးရာ ဝန်ကြီးထံ ပေးအပ်သည်။

ယင်းနောက် ပေါင်မြို့နယ် ကျိုက်ဖျဉ်ကူဘုရားဂေါပကအဖွဲ့မှ ရှေးဟောင်း ကြေးခေါင်းလောင်းကို မွန်ပြည်နယ်ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ မွန်ယဉ်ကျေးမှုအကအဖွဲ့၊ ဗမာယဉ်ကျေးမှုအကအဖွဲ၊ ကရင်ယဉ်ကျေးမှုအကအဖွဲနှင့် ပအို့ဝ်းယဉ်ကျေးမှု အကအဖွဲ့တို့က ကပြဖျော်ဖြေ ကြပြီး တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များကို နိုင်ငံတော်စီမံအုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဉီးနှင့် ဉီးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းတို့က ဂုဏ်ပြုပန်းခြင်းများ   ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့်   တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမ၌ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားကာ တပ်နယ်မိသားစုများကို ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။