(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ တံတားအမှတ် (၆/၆) သံကူကွန်ကရစ် တံတားဖွင့်ပွဲကျင်းပ

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊  ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ တံတားအမှတ်  (/) သံကူကွန်ကရစ် တံတားဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မတ် - ၁၉

    (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊  ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ တံတားအမှတ်  (၆/၆)၊ ပေ ၈၀ အရှည် သံကူကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက တံတားတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဉီးမှ တံတားဆောက်လုပ် ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါတံတားသည် ချောင်းဆုံမြို့နယ် မုရစ်ကလေး ရွာနှင့် ကမာကေးရွာတို့ကို ဆက်သွယ်ပေးထားသည့် သံကူကွန်ကရစ်ယက်မ ကြမ်းခင်းနှင့် လက်ရန်းအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀ ပေ၊ တံတားအကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ ရှိပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဉီးရန်ကျော်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရ ရှိသည်။