(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာမည သဲသောင်ပြင်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ရာမည သဲသောင်ပြင်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် - ၁၉

    (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့ တိုးချဲ့ကမ်းနားလမ်းရှိ သဲသောင်ပြင်အပန်းဖြေ နေရာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ  မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ ရာမညသဲသောင်ပြင် အပန်းဖြေနေရာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး တိုင်းရင်းသား အကအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် သဲသောင်ပြင်ရှိ အပန်းဖြေနေရာများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်  ဉီးရန်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။