မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြခြင်းဆောင်ရွက်

ကန့်ဘလူ၊ ကာကွယ်ရေး

မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့ သရုပ်ပြခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနရုံး၌ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးငြှိမ်း သတ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို မတ် ၁၈ ရက်တွင် အဆိုပါ ရုံးဝင်းအတွင်း၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက ရုံးဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက စတင်လုပ်ဆောင်ရမည့် အခြေအနေ များ၊ မိမိတို့ရုံးရှိ လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများကို အလေးထားစစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မကြာခဏ စစ်ဆေးကြရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့်ဆင့်ကို ရှင်းလင်းပြသကာ မြို့နယ် သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများက  လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)