“ E Market Place for Myanmar Products Platformတွင် ပြည်တွင်းထုတ်ကုန်များ ပါဝင်ပြသရောင်းချနိုင်ရေး ဖိတ်ခေါ်ခြင်း”

E Market Place for Myanmar Products Platformတွင် ပြည်တွင်းထုတ်ကုန်များ ပါဝင်ပြသရောင်းချနိုင်ရေး ဖိတ်ခေါ်ခြင်း”

၁။      စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသည် MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာတွင် MSME  များ ဈေးကွက်ရရှိရေးနှင့် Digital    စနစ်တွင် လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် E Market Place  for Myanmar Products Platform(emartmmp.gov.mm)  ကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။

၂။      E Market Platform  တွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများမှ ထုတ်ကုန်များ၊ MSMEထုတ်ကုန်များနှင့် စက်မှုဇုန်ထုတ်ကုန်များအား e-Commerce အဖြစ် ပြသရောင်းချနိုင်မည်ဖြစ်ပြီး ဝယ်ယူအသုံးပြုသူ Customer  များထံ လျင်မြန်စွာ ပို့ဆောင်ပေးနိုင်ရေးအတွက် Delivery စနစ်များနှင့်  ငွေပေးချေမှု မြန်ဆန်ရေးအတွက် e Payment   စနစ်များ ချိတ်ဆက် အသုံးပြုထားရှိပါသည်။

၃။      သို့ဖြစ်ပါ၍ မိမိတို့ ထုတ်ကုန်များအား Platform မှတစ်ဆင့် ဖြန့်ချိရောင်းချလိုသော ပြည်တွင်းထုတ်ကုန် ထုတ်လုပ်သော လုပ်ငန်းများအနေဖြင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးဌာန၊ ဖုန်း-၀၆၇-၃၄၀၈၃၉၄ သို့ ၂၈-၄-၂၀၂၃ ရက်နေ့ နောက်ဆုံးထား ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

စက်မှုဝန်ကြီးဌာန