စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရာတွင် အခြားပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှုနည်းပညာများကို လေ့လာပြီး မိမိနိုင်ငံနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည်

စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရာတွင် အခြားပြည်ပနိုင်ငံများ၏ ဆောင်ရွက်မှုနည်းပညာများကို လေ့လာပြီး မိမိနိုင်ငံနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုက ဈေးကွက်စီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့်  စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရာတွင် အခြားပြည်ပနိုင်ငံများ၏   ဆောင်ရွက်မှု နည်းပညာများကိုလေ့လာပြီး မိမိနိုင်ငံနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေ တိုးပွားရေးတို့အတွက် စီးပွားရေးအထောက်အကူပြု  စိုက်ပျိုးမွေးမြူရေး  အခြေခံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး  ြှနြ လုပ်ငန်းများ အောင်မြင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြု ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် မိမိအလုပ်ကို အာရုံစိုက်ပြီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစုအဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရေး၊ မျိုးကောင်းမျိုးသန့်များ မျိုးစပ်ပြီး မွေးမြူရေး ဈေးကွက်ရရှိရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊   စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုများ ထောက်ပံ့နိုင်ရေး၊ စံပြလယ်ယာစနစ်ဖော် ဆောင်နိုင်ရေး၊  ဈေးကွက်ရရှိနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ဒေသထွက်ကုန်များကို အခြေခံပြီး   တန်ဖိုးမြှင့်စားသောက်ကုန် (Value Added)) များ ထုတ်လုပ်နိုင်ရေး သင်တန်းများ ပို့ချဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်ပြီး ထူးချွန် သင်တန်းသားများအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာများ ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊  စံပြကျေးရွာများထူထောင်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဟု သဘောမထားဘဲ ဦးစီးဌာနလေးခုလုံး     ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှသာ ပိုမိုထိရောက်မြန်ဆန်အောင်မြင်နိုင်မည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။