ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ စက်သုံးဆီသွားသယ်မည့် ကုန်တင်သင်္ဘောများ သင်္ကြန်ကာလတွင် မရပ်နားဘဲ ပြေးဆွဲပေးမည်

ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ စက်သုံးဆီသွားသယ်မည့် ကုန်တင်သင်္ဘောများ သင်္ကြန်ကာလတွင် မရပ်နားဘဲ ပြေးဆွဲပေးမည်

မန္တလေး  ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ စက်သုံးဆီသွားရောက်သယ်ယူမည့် ကုန်တင်သင်္ဘောများ သင်္ကြန်ကာလတွင် မရပ်နားဘဲ ပြေးဆွဲပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ  စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ  ဦးဝင်းမောင်ထံမှသိရသည်။

ယခုအခါ   ဧရာဝတီမြစ်အတွင်း ရေနည်းချိန်ကာလဖြစ်သော်လည်း ရေယာဉ်များသွားလာရာတွင် ရေကြောင်း ကျပ်တည်းသည့်နေရာများ  မရှိသလောက်နည်းပါးသဖြင့် အဆင်ပြေစွာသွားလာလျက်ရှိ ကြောင်း၊  သင်္ကြန်ကာလတွင် မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ    ရန်ကုန်ဆိပ်ကမ်းသို့    စက်သုံးဆီသွားရောက် သယ်ယူမည့် ကုန်တင်သင်္ဘောများ မရပ်နားဘဲ ပုံမှန်အတိုင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလက နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်ပါတယ်။ ဒါပေမဲ့ ရွှေကြက်ယက်ဆိပ်ကမ်းကနေ   ရန်ကုန်ဆိပ်ကမ်းကို စက်သုံးဆီသွားသယ်မယ့် ကုန်တင်သင်္ဘောတွေ ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာပါဟု ဦးဝင်းမောင်က ဆက်လက်ပြောသည်။

သင်္ကြန်ကာလတွင် ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်းဖြစ်စေရေး ရွှေကြက်ယက်ဆိပ်ကမ်းမှရန်ကုန်ဆိပ်ကမ်းသို့ စက်သုံးဆီ    သွားရောက်သယ်ယူမည့် ကုန်တင်သင်္ဘောအစင်းရေ ၈၀ ကျော်ဖြင့် ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ    မန္တလေးရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့  ပို့ကုန်အဖြစ် တင်ပို့သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်  အသုံးပြုသော ကျောက်စရစ်မှာလည်း     ကုန်ကြမ်းရရှိမှု ပြန်လည်များ ပြားလာခြင်းကြောင့်   ကျောက်စရစ် သီးသန့်တင်ပို့သည့်   သင်္ဘောအစင်းရေ ၅၀ ကျော်ထိ ရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

ဗလ