ယခုဘောလုံးရာသီ စီးရီးအေပြိုင်ပွဲတွင် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက်ပြုလုပ်နိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ခါဗီချာမှတ်တမ်းဝင်

ယခုဘောလုံးရာသီ စီးရီးအေပြိုင်ပွဲတွင် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက်ပြုလုပ်နိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ခါဗီချာမှတ်တမ်းဝင်

ယခုဘောလုံးရာသီ   အီတလီစီးရီးအေပြိုင်ပွဲတွင် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက် ပြုလုပ် နိုင်သည့် ပထမဆုံးကစားသမားအဖြစ် နာပိုလီအသင်း တိုက်စစ်ကစားသမား ခါဗီချာ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အီတလီစီးရီးအေပြိုင်ပွဲအဖြစ်ကစားသည့် နာပိုလီ အသင်းက တိုရီနိုအသင်းကို ၄ ဂိုး - ဂိုးမရှိဖြင့် အနိုင် ရရှိသောပွဲစဉ်တွင် ခါဗီချာသည် တစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ပြီးနောက် ယခုဘောလုံး ရာသီ စီးရီးအေပြိုင်ပွဲတွင် ၂၃ ပွဲကစားခဲ့ရာ ၁၂ ဂိုး သွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြည့်မြောက် ခဲ့သည့်အတွက် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု ၁၀  ကြိမ်စီနှင့် အထက်ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားဖြစ်လာ ခဲ့သည်။

ပြီးခဲ့သည့်  နွေရာသီကစားသမားအပြောင်းအရွှေ့ ကာလက ဒိုင်နမိုဘာတူမီအသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ခါဗီချာသည် ယခုဘောလုံး ရာသီတွင် အသင်းဖော် အိုဆီမန်နှင့်အတူ အကောင်း ဆုံးတွဲဖက်ပြီး ခြေစွမ်းပြလျက်ရှိသည်။

ယခုဘောလုံးရာသီ  စီးရီးအေပြိုင်ပွဲတွင်  ခါဗီချာ၏အသင်းဖော် အိုဆီမန်မှာ သွင်းဂိုး ၂၁  ဂိုးအထိ သွင်းယူ ထားသော်လည်း ၎င်းင်းအနေဖြင့် ဂိုးဖန်တီးမှု  လေးကြိမ်သာရှိသေးပြီး  ခါဗီချာသည်  ယခုဘောလုံး ရာသီတွင်  ဂိုးဖန်တီးမှု  ၁၀  ကြိမ်ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။                     

Ref;B/R Football