မြစ်ကြီးနားမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

မြစ်ကြီးနားမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို   မတ် ၂၀ ရက်တွင် မြစ်ကြီးနားမြို့  ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် ဘောလုံးအားကစားကွင်းအတွင်း ၌ ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်   တာဝန်ရှိသူများက အားကစားနည်းအလိုက်  အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားအဖွဲ့များသို့ပေးအပ်ပြီး တက်ရောက်လာသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက တိုင်းရင်းသားတေးသီချင်းများဖြင့်  သီဆိုဖျော်ဖြေကြကာ  တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာအကအဖွဲ့၊ သရုပ်ပြအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့သို့ ဂုဏ်ပြုဆုငွေများ  ပေးအပ်ပြီး အဆိုပါနွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊  ဘော်လီဘော၊  ကြက်တောင်၊ လက်ဝှေ့၊  ရိုးရာလက်ဝှေ့၊  တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေး၊ မြန်မာ့သိုင်း၊ ပြေး/ခုန်/ပစ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ တင်းနစ်၊

စားပွဲတင်တင်းနစ် အစရှိသည့်အားကစားနည်း ၁၉ မျိုး သင်ကြားပေးမည်ဖြစ်ကာ  စိတ်ပါဝင်စားသည့်   လူငယ်မောင်မယ် ၂၀၀၀ ဦးခန့် တက်ရောက်ကြောင်း  သိရသည်။