တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးကြရန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ထမ်းများအား တိုက်တွန်းပြောကြား

တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ကူညီဆောင်ရွက်ပေးကြရန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ထမ်းများအား တိုက်တွန်းပြောကြား

တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ်များ ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်

အောင် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ကူညီဆောင်ရွက်ပေးရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသား အရေးကိစ္စရပ်များကို ဆောင်ရွက်ရသည့် ဌာနဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် လိုကြောင်း၊ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို သိရှိလိုက်နာကျင့်ကြံရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 ထိုသို့တွေ့ဆုံစဉ် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက မွန်ပြည်နယ်အတွင်း တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ  ညှိနှိုင်းပေါင်းစပ်ပေးပြီး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။