မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

နေပြည်တော်  မတ်  ၂၀

    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဗီယင်နာမြို့အခြေစိုက် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူး ဆောင် ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal ကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

    တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ် တိုးတက်မှုကို ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အလေးထား ဆွေးနွေးခဲ့သည်။