မြန်မာ-သြစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေး

မြန်မာ-သြစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်  မတ်  ၂၀

    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗီယင်နာမြို့ အခြေစိုက် သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်  Mr. Mag Philip Schonthaကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားခဲ့ပြီး မြန်မာ-သြစတြီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အခွင့်အလမ်းများ၊ သြစတြီးယား-မြန်မာအသင်း၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။