တနင်္သာရီမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်

တနင်္သာရီမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်၊ မတ် - ၂၁

          တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်း၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

          ထို့ပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တနင်္သာရီမြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား သွား ရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက် ကျန်းမာရေး ဝန်ထမ်းများအားတွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။