ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ Democratic Party of National Politics (DNP)

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ Democratic Party of National Politics (DNP)

၁။        နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျဌာနီလမ်းနှင့် ပန်းခင်းလမ်းထောင့် (ဘဲကုန်းမီးပွိုင့်အနီး)၊ စြက်ာဒီပခြံတွင် ပါတီရုံးချုပ် တည်ရှိသော  အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ Democratic Party of National Politics (DNP)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၂၀-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။        ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ)အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်