ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ Kachin National Congress (KNC)

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ Kachin National Congress (KNC)

၁။        ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ အမှတ်(၆၉)တွင် ပါတီရုံးချုပ်တည်ရှိသော ကချင်အမျိုးသား ကွန်ဂရက်ပါတီ Kachin National Congress (KNC) က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၂၀-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။        ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှ စ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန်ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်