ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ၊ ရခိုင်အမျိုးသားပါတီ (Arakan National Party)

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ၊ ရခိုင်အမျိုးသားပါတီ (Arakan National Party)

၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ တရားသီးစုရပ်ကွက်၊ ပိုက်သည်လမ်း၊ အမှတ်(၆)လမ်းနှင့် အမှတ်(၇)လမ်းကြားတွင် ပါတီရုံးချုပ် တည်ရှိသော ရခိုင်အမျိုးသားပါတီ (Arakan National Party )က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန်  ၂၀-၃-၂၀၂၃  ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။ ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  နည်းဥပဒေ  ၁၄ (ဃ)အရ  အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်