နမ့်စန်မြို့၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့

နမ့်စန်မြို့၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်၊ မတ် - ၂၂

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တိုင်းကောင်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များ၊ မတ်ကျန်းပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် နားရိုင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ခန်းမအသီးသီး၌ လည်းကောင်း၊  တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များ အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ တပ်နယ်ခန်းမများ၌ လည်းကောင်း အသီးသီး သွားရောက်တွေ့ဆုံသည်။

     ဦးစွာ တိုင်းမှူးများက အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

         ၎င်းအပြင် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်ဆေးကုသရေးအဖွဲ့များက လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။