မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီး၌ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်း၊ မိုင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီး၌ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်း၊ မိုင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၂၂

    နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စု အဖြစ်  ကြေညာထားသည့် NUG ၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူ အတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ ဒလန်ဟု စွပ်စွဲကာဖမ်းဆီး၍ အကျပ်ကိုင်ခြင်း၊ ငွေကြေးတောင်းခံမှုများအပြင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင် ဖောက်ခွဲခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက် ရှိသည်။

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးခြင်းများ နေ့/ညမပြတ် အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှု ကိုမလိုလားသည့် ပြည်သူများ၏ သတင်း ပေးပို့ချက်အရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်း အနီးရှိ ယာတဲ၌ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ရဲရင့်ကျော် (ခ)စွန်ရဲ (၃၃)နှစ်အပါအဝင် အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး (၂၀) နှစ်၊ ကိုကိုအောင်(ခ)တစ်ထောင်(၁၉)နှစ်၊ ဝေယံထက်(ခ)ဇီးကွက်(၁၈)နှစ်၊ စိုးစိုး(ခ) မောင်စိုး (၃၇)နှစ်၊ နေလင်းအောင်(ခ) ဥသြ (၁၇)နှစ်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန် (၁၈)နှစ်၊ ကျော်ရဲသူ(ခ)ကျားလေး(၁၇)နှစ်၊ အောင်ဇော်ထက်(ခ)ကိုကောင်း(၂၃) နှစ်၊ ရာပြည့်(၁၈)နှစ်နှင့် အကြမ်းဖက်သမား များအား ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈)နှစ်၊ ခင်နှင်းစိုး(၄၅)နှစ်၊ ကိုမြင့် (၅၅)နှစ်နှင့် စိုးစိုး (၄၅)နှစ်၊ စုစု ပေါင်းတရားခံ ၁၄ ဦးအား လက်လုပ် သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည် မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ Anonymous အမည်ခံအကြမ်း ဖက်အဖွဲ့ဝင်များအား     ဖမ်းဆီးရမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ ကျား ၂ ဦး၊ မ ၁ ဦး နှင့် ကလေးငယ် ၁ ဦး၊ စုစုပေါင်းအပြစ်မဲ့ ပြည်သူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင် များက အချိန်မီ ကယ်တင်နိုင်ခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ကျား ၁ ဦးသည် မုံရွာမြို့ပေါ်၌ Anonymous  အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များထောင် ထားသည့်မိုင်းများကို တွေ့ရှိသဖြင့် ဖြုတ် ယူခဲ့သောကြောင့် ကလေးငယ် ၁ ဦးအပါ အဝင် မိသားစုတစ်စုလုံးအား ဖမ်းဆီးထား ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျန်ကျား ၁ ဦးမှာ ငွေကြေးတောင်းခံနိုင်ရန်အတွက် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကိုကိုအောင် (ခ)တစ်ထောင်၊ ဝေယံထက်(ခ)ဇီးကွက်၊ နေလင်းအောင်(ခ)ဥသြ၊ ကောင်းခန့်ဇော် (ခ) ကောင်းစိန်နှင့် ရာပြည့်တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (ဒုတိယပတ်ခန့်)တွင် မုံရွာ မြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်ဘုရား ၏အရှေ့ဘက်တောင်ကြောပေါ်၌ မုံရွာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ၃ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဆင်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ(တတိယပတ်ခန့်)တွင် ရဲရင့်ကျော် (ခ)စွန်ရဲ ခေါင်းဆောင်၍ မုံရွာမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင် ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဓားပြတိုက်၊ ပြန်ပေးဆွဲ၍ ငွေကြေးရယူရန် ရည်ရွယ်ချက်ဖြင့် Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့အား ကျော်ဆန်းဦး၊ ကိုကို အောင်(ခ)တစ်ထောင်၊ ဝေယံထက်(ခ) ဇီးကွက်၊ စိုးစိုး(ခ)မောင်စိုး၊ နေလင်းအောင် (ခ)ဥသြ၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ ကျော်ရဲသူ(ခ)ကျားလေး၊ အောင်ဇော်ထက် (ခ) ကိုကောင်း၊ ရာပြည့်နှင့် ဖမ်းဆီးရန် ကျန် တရားခံများဖြစ်သည့် ကျော်ရဲအောင် (ခ)တွမ်တီဝမ်း၊ မင်းမော်ကွန်း(ခ)မိချောင်း၊ ဇော်ချမ်းပြည့်တို့ပါဝင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။

Anonymous အမည်ခံအကြမ်းဖက် အဖွဲ့အနေဖြင့် CRPH ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့များထံမှ ငွေကြေးထောက်ပံ့ မှုများ ရယူ၍  လက်နက်/ခဲယမ်းများနှင့်ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ  ဝယ်ယူစုဆောင်းကာ နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်ခန့်)တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်နှင့်နေလင်းအောင်(ခ)ဥသြ တို့သည် မုံရွာမြို့၊  ထန်းတောကျွန်းဆွယ် ရပ်ကွက်၊     အင်းဖြတ်လမ်းတွင် လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့

ကြောင်း။ဇန်နဝါရီလ(ဒုတိယပတ်ခန့်)တွင်ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်(ခ) ဇီးကွက်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်နှင့် နေလင်းအောင်(ခ)ဥသြတို့သည် မုံရွာမြို့၊ စက်မှုဇုန်လမ်းဆုံတွင် လက်လုပ်မိုင်း ၃ လုံး ဖောက်ခွဲခဲ့ကြောင်း။

-ဖေဖော်ဝါရီလ ၁ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်(ခ)ဇီးကွက်နှင့်နေလင်းအောင်(ခ)ဥသြတို့သည် မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

-မတ်လ ၁၂ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ဝေယံထက်(ခ)ဇီးကွက်နှင့် ကောင်းခန့်ဇော်(ခ)ကောင်းစိန်တို့သည် မုံရွာမြို့၊ ရွှေဂုံးရပ်ကွက်၊ အင်းစပ်လမ်းတွင် လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ပြီး ကိုကိုအောင်(ခ)တစ်ထောင်နှင့် ရာပြည့်တို့ ၂ ဦးမှ  အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

ထို့အပြင် Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံ သတ်ဖြတ်မှု၃ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

-၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ရဲရင့်ကျော်(ခ)စွန်ရဲခေါင်း ဆောင်၍  ကောင်းခန့်ဇော်(ခ) ကောင်းစိန်၊ နေလင်းအောင်(ခ)ဥသြနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ရဲအောင်(ခ) တွမ်တီဝမ်းတို့သည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဂျစ်တူးအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဝေယံထက်(ခ)ဇီးကွက်နှင့် ရာပြည့်တို့မှ အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

-၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင်  ရဲရင့်ကျော်(ခ)စွန်ရဲ ခေါင်းဆောင်၍ ကောင်းခန့်ဇော် (ခ) ကောင်းစိန်၊ နေလင်းအောင်(ခ) ဥသြနှင့် အောင်ဇော်ထက်(ခ)ကိုကောင်းတို့သည် မုံရွာမြို့နယ်၊ ကတို့ကုန်းကျေးရွာနေ  အပြစ်မဲ့ပြည်သူဦးကျော်မိုးအား ဒလန်ဟုစွပ်စွဲကာ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။

-ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ နေလင်းအောင်(ခ) ဥသြနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ရဲအောင်(ခ)တွမ်တီဝမ်းတို့သည် ရေဦးမြို့နေ အပြစ်မဲ့ပြည်သူနက်တူးအား ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း။

ထို့အပြင် Anonymous  အမည်ခံ အကြမ်းဖက်အဖွဲ့သည် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွားရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင် လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံးထောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ အချိန်မီဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ပြီး    ကြိုတင်ကာကွယ် တားဆီးနိုင်ခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ကြည်မင်း၊ ခင်နှင်းစိုး၊ ကိုမြင့်နှင့် စိုးစိုးတို့သည် Anonymous  အမည်ခံ အကြမ်းဖက်အဖွဲ့များ မုံရွာမြို့နယ် အတွင်းဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန် အတွက်  လိုအပ်သည့်ဖောက်ခွဲ ဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများအား မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်များမှ သွားရောက်ဝယ်ယူပေးခြင်း၊ အကြမ်းဖက်သမားများအတွက် ရိက္ခာများ စုဆောင်းပေးခြင်း၊ ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို ဖမ်းဆီးရန်  ဒလန်ဟုပြော၍    သတင်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက် ရှိသော    ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ  ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။