မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဖွင့်လှစ်

မိုင်းပန်၊ ရေရရှိရေး

မိုင်းပန်မြို့နယ် ကုန်းကျိုင်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဖွင့်လှစ်

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်  ကုန်းကျိုင်း ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို မတ် ၂၁ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးအောင်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြောကြားသည်။

ဆက်လက်၍ ကုန်းကျိုင်းကျေးရွာစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးအောင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အဆိုပါ ကုန်းကျိုင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းမှာ အနက်ပေ ၃၀၀ ရှိပြီး မိုင်းပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုည ဒသမ ၆၄ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၀ ဒသမ ၆၄ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)