အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဖိနပ်ချုပ်နည်းသင်တန်းဖွင့်

မုဒုံ၊ သက်မွေးပညာ

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဖိနပ်ချုပ်နည်းသင်တန်းဖွင့်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနစုပေါင်းခန်းမ၌ မတ် ၂၂ ရက်တွင် ဖိနပ်ချုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အိမ်တွင်းမှု လက်မှုပညာရပ်ကောင်းများ သင်ယူတတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

သင်တန်းတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)မှ နည်းပြဆရာမ ဒေါ်နွယ်အေးနွယ်က တစ်ချောင်းထိုးအပ်ဖြင့်   နိုင်လွန်ချည်ဖိနပ်ထိုးနည်း၊ ကော်သုတ်ခြင်း၊ ခေါင်းစိုက်ခြင်းစသည့် သင်ခန်းစာများကို သင်တန်းသူ ၁၅ ဦး အား လေးရက်ကြာ စာတွေ့လက်တွေ့အခမဲ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။           

သားငယ်(ပြန်/ဆက်)