ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ လူ့ဘောင်သစ်ပါတီ (NSP)

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ လူ့ဘောင်သစ်ပါတီ (NSP)

၁။      ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊   မဟာဘောဂလမ်း၊ အမှတ်(၂၃၆/၂၃၈)တွင် ပါတီရုံးချုပ် တည်ရှိသော လူ့ဘောင်သစ်ပါတီ (NSP)က   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ   နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၂၁-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။

ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း   အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။      ယင်းအဖွဲ့အစည်းက အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း   ခိုင်လုံသော အထောက်အထားများဖြင့်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့    ကန့်ကွက်နိုင်ပါကြောင်း၊    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်