ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ ပြည်သူ့အလုပ်သမားပါတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း ၊ ပြည်သူ့အလုပ်သမားပါတီ

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊   (၄၁)တိုးချဲ့ရပ်ကွက်၊  တော်ဝင်အိမ်ရာ၊ အခန်း(၂၅)၊ တိုက်(၈)တွင် ပါတီရုံးချုပ် တည်ရှိသော ပြည်သူ့အလုပ်သမားပါတီက   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီ အဖြစ်  ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန် ၁၇-၃-၂၀၂၃ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း    အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

၂။      ယင်းအဖွဲ့အစည်းက အသုံးပြုမည့်   ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း  ခိုင်လုံသော အထောက်အထားများဖြင့်      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့    ကန့်ကွက်နိုင်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄(ဃ)အရ   အများသိစေရန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်