မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေး

အုတ်တွင်း၊ လူမှုရေး

မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ် သောင်းပုကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ပဉ္စမအကြိမ်မြောက် ချေးငွေများ ပြန်လည်ထုတ်ချေးခြင်းကို မတ် ၂၂ ရက်တွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများက သောင်းပု ကျေးရွာ ရှိ ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ အသင်းသား၊ အသင်းသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံက စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများ၊ စီမံကိန်းစက်ဝန်းသတ်မှတ်ချက်များ၊  အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သောင်းပုကျေးရွာမှ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၉ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၂ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူလေးဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၅၁ ဦးထံသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၈ ဒသမ ၉ သန်းကို သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးကြောင်း သိရသည်။

ကိုနိုင်(ကျေးလက်)