မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေကို ဆွေးနွေး

မြန်မာနိုင်ငံ၌ ICRC  မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေကို ဆွေးနွေး

နေပြည်တော်  မတ်  ၂၂

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera  ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ICRC  ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက ICRC  အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားသည်။