ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် နိုင်ငံတော်အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှုများ ဆွေးနွေး
နေပြည်တော် မတ် ၂၂
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sesseraကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် နိုင်ငံတော်အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှု၊ မြန်မာအစိုးရနှင့် ICRC တို့အကြားပူးပေါင်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုကို ဆွေးနွေးခဲ့ကြသည်။