ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်အတွင်း တည်ထားကိုး ကွယ်တော်မူသော ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ခြင်းနှင့် (၇၆)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော်

ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်အတွင်း တည်ထားကိုး ကွယ်တော်မူသော ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ခြင်းနှင့် (၇၆)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာပြုလုပ်

နေပြည်တော်၊ မတ် - ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံးကပ်ကျော် ကိုးနဝင်းစေတီတော်မြတ်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ခြင်းနှင့် (၇၆)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ ပန်းတနော်မြို့၊ မြတောင် ကျောင်းတိုက် နာယကစာချဆရာတော် ဘဒ္ဒန္တကုမာရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြတောင်ကျောင်းတိုက် နာယကစာချဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေ ထီးတော်နှင့် လှူဖွယ်ဝတ္တုများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး မြတောင်ကျောင်းတိုက် နာယကစာချဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကို ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံလျက် ပြည်လုံးကပ်ကျော်ကိုးနဝင်းစေတီတော်မြတ်အား လင်္ကျာရစ်လှည့်လည် ပူဇော်ကြ၍ မင်္ဂလာအချိန်တွင် စေတီအထွဋ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြပြီး သံဃာတော်များက စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြ သည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သိမ်တော်ဆင်း သံဃာတော် ၇၆ ပါးတို့အား သိမ်တော်ဆင်း လောင်းလှူခဲ့ကြပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။